Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၆:၅၉

ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၂၉၊ ၂၀၂၂။

ယူကရိန်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အတွက် ရုရှား ယူကရိန်း အစိုးရတွေနဲ့ ကုလသမဂ္ဂ တို့ စတင်ဆောင်ရွက်နေတဲ့ အခြေအနေ၊ ယူကရိန်း မြို့တော် Kyiv ကို ရုရှားတပ်တွေ အဓိက မထားတော့ဘဲ ယူကရိန်း အရှေ့ပိုင်းကို ဦးတည်နေပြီလို့ အမေရိကန် အကြီးတန်း ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူ တဦးက ပြောဆိုလိုက်တဲ့ အကြောင်း၊ သီပေါ မြို့နယ် ကောင်းဟုန်း ကျေးရွာဘက်မှာ မြေမြှုပ်မိုင်းဒဏ်ကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရတဲ့ အကြောင်း၊ ယူကရိန်းနဲ့ မြန်မာ အခြေအနေ နှိုင်းယှဉ်ချက်၊ စီးပွားရေး ၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာတို့ကို နားဆင်ရပါမယ်။

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၂၉-၂၀၂၂)

ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ် ရပ်စဲကြဖို့ တူရကီ သမ္မတ Recep Tayyip Erdogan က တောင်းဆို၊ အရပ်သား သေဆုံးမှုတွေ တိုးလာနေတဲ့ ရုရှားရဲ့ ယူကရိန်းကို ကျုးကျော်တဲ့ စစ်ဟာ စစ်ရာဇဝတ်တွေမှုအဖြစ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က သတ်မှတ်ပြောဆို၊ ချင်းပြည်နယ် ဟားခါးမြို့ကို တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ သွားပို့တဲ့ တပ်မတော်ရဟတ်ယာဉ် တစီး ဒီကနေ့ ပျက်ကျလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပညာရေးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရ ....စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။

XS
SM
MD
LG