TV
ဧပြီလ၂ ရက်၂၀၂၂၊ စနေနေ့မနက် VOA အသံလွှင့်အစီစဉ်
ရုရှားယူကရိန်းစစ်ပွဲ သီတင်း၆ပတ်အကြာမှာတော့ မြို့တော်ကီယက် နဲ့ နေရာတချို့မှာ ယူကရိန်းတပ်တွေအသာစီးရလာနေပါတယ်။ သီရိလင်္ကာမှာလူထုအုံကြွမှုကြောင့် အရေးပေါ် အခြေအနေကြေညာထားရပါတယ်။ မြန်မာ့အရေး ကုလသမဂ္ဂ နဲ့ အာစီယံ ဘုံသဘော တူညီချက် ၅ ရပ် ပူးပေါင်းဆောင်ရွက်မယ်ဆိုပေမယ့် အကြမ်းဖက်မှုေုတွေရပ်ဆိုင်းဖို့ ကတော့ မျှော်လင့်လို့မရဘူးလို့သုံးသပ်သူတွေဆိုပါတယ်။ စတဲ့သတင်းနဲ့သတင်းဆောင်းပါး တွေအပြီးမှာတော့၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊သိပ္ပံနဲ့နည်းပညာ စတဲ့အပတ်စဉ် ကဏ္ဍတွေကိုနားဆင်ရပါမယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဧပြီလ ၂ ရက်၊ ၂၀၂၂)
ကန်သမ္မတနဲ့ စင်္ကာပူဝန်ကြီးချုပ် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး၊ ရုရှားသိမ်းခဲ့တဲ့ မြို့ရွာတွေ ယူကရိန်းတပ်တွေ ပြန်သိမ်း၊ ဒီလို မြန်မာနဲ့ ကမ္ဘာ တပတ်အတွင်း သတင်း စုစည်းတင်ပြချက်နဲ့ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဧပြီလ ၂ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း ဧပြီ၂၊၂၀၂၂
မြန်မာအချုပ်အချာပိုင်မှုကိုထောက်ခံကူညီသွားမည်ဟုတရုတ်ပြောဆို၊ မဲဆောက် သောင်းရင်းမြစ်အနီး အထောက်အထားမဲ့ မြန်မာ၁၄ဦးဖမ်းဆီးခံရ၊ ယူကရိန်းလုံခြုံရေးအကူအညီ ဒေါ်လာသန်း၃၀၀ ကန်လျာထားသတ်မှတ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံအစီအစဉ်၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်းမြန်မာနဲ့ နိုင်ငံတကာသတင်းတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။