TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၆၊ ၂၀၂၂။
မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်၊ အမေရိကန်ရောက် မြန်မာတွေ အတွက် ပညာသင်ဆု တိုးမြှင့် သုံးစွဲမယ့် အကြောင်း၊ ရှမ်းမြောက်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေ လူသစ်စုဆောင်းမှုကြောင့် ဒေသခံတွေတိမ်းရှောင်ရတဲ့ အခြေအနေ သတင်းဆောင်းပါးတွေနဲ့ အတူ အင်္ဂါည ဆွေးနွေးခန်း၊ အမေရိကန် နိုင်ငံရေးနဲ့ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တို့ကိုလည်း နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၄-၀၆-၂၀၂၂)
ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ပြီး နောက်ထပ် အရေးယူကြဖို့ ယူကရိန်းသမ္မတ Zelenskyy တောင်းဆို၊ ယူကရိန်းကို ရုရှား ကျုးကျော်စစ်ကြောင့် အာရှဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ အရင်က ခန့်မှန်းထားတာထက် ပိုပြီး နှေးကွေးမယ့်အကြောင်း ADB အာရှ ဖွံဖြိုးရေးဘဏ် ပြော၊ မြန်မာနိုင်ငံမှာနိုင်ငံခြားဝင်ငွေတွေကို လိုင်စင်ရ ဘဏ်တွေမှာ မြန်မာငွေနဲ့ လဲလှယ်ဖို့ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ အမိန့်ဟာ အကျိုးထက် အပြစ်ပိုများနိုင်
ဗွီအိုအေရေဒီယိုညပိုင်း ဧပြီ ၆ ရက်၊ ၂၀၂၂
ယူကရိန်းက Bucha မြို့သတ်ဖြတ်မှုအတွက် စစ်ဆေးမှုလုပ်ဖို့ တောင်းဆို၊ ကရင်ပြည်နယ်မှာ မတ်လထဲ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၅ ဦးသေ၊ မြန်မာ ဗဟိုဘဏ်က နိုင်ငံခြားငွေထိန်းချုပ်တဲ့ ဥပဒေအပေါ် တုန့်ပြန်ချက်၊ ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို ပြစ်ဒဏ်ချမှတ်၊ စတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေး သုံးသပ်၊ အားကစားကဏ္ဍတို့ကို တင်ဆက်ပေးသွားမှာပါ။