TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၁၇၊ ၂၀၂၂။
ယူကရိန် မြို့တော်နဲ့ တခြားမြို့ကြီးတွေ စနေနေ့က တိုက်ခိုက်ခံရသလို Mariupol မြို့မှာ တိုက်ပွဲတွေ ပြင်းထန်၊ အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၊ NUG ယာယီသမ္မတ ရဲ့ မိန့်ခွန်း အပေါ် အမြင် သဘောထား၊ အပတ်စဉ်အစီအစဉ်တွေမှာ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းအနှစ်ချုပ်တွေ ထုတ်လွှင့်တင်ဆက်ထားပါတယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဧပြီလ ၁၇ ရက်၊ ၂၀၂၂)
ဝမ်းထဲသွေးပါခြင်း လူထုနဲ့ ကျန်းမာရေး၊ ဗြိတိန်ကိုပေးတဲ့ ဂျပန်တော်ဝင်လက်ဆောင်များ ကမ္ဘာတလွှား ခရီးသွား၊ အမေရိကန် မင်္ဂလာဆောင် မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ကောဇာသက္ကရာဇ် ၁၃၈၄၊ နှစ်ဆန်း ၁ ရက်နေ့၊ ခရစ်နှစ် ၂၀၂၂ ဧပြီလ ၁၇ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း ဧပြီ၁၇၊၂၀၂၂
ပုပ်ရဟန်းမင်းရဲ့ အီစတာဝတ်ပြုပွဲ မြန်မာ့ဒုက္ခသည်တွေအတွက် ဆုမွန်တောင်းခဲ့၊ မြန်မာနှစ်ကူးလွှတ်တဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးမှုနဲ့ဖမ်းခံရသူတွေမပါဝင်၊ ယူကရိန်းစစ်ပွဲသင်ခန်းစာတွေနဲ့ အမေရိကန်စစ်တပ်လေ့ကျင်ပြင်ဆင် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ သတင်းထဲက သုတနဲ့ ထူးခြားဆန်းပြားသတင်းများအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။