TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၁၁၊ ၂၀၂၂။
မြန်မာနိုင်ငံကနေ ခိုလှုံလာသူတွေကို အိန္ဒိယ မီဇိုရမ်ပြည်နယ်က အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမယ့်အကြောင်း၊ မြန်မာ ပါဝင်တဲ့ အာဆီယံနဲ့ တရုတ်ကြားကုန်သွယ်ရေး တိုးလာတဲ့ အခြေအနေ၊ ရုရှားတို့က ယူကရိန်း အရှေ့ပိုင်းကို ထပ်မံတိုက်ခိုက်နေတဲ့ အကြောင်း သတင်းတွေနဲ့ အတူ ကမ္ဘာ့ မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတနဲ့ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တို့ကို နားဆင်ကြရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၄-၁၁-၂၀၂၂)
ရုရှားစစ်တပ် ဟာ ယူကရိန်း အရှေ့ပိုင်းမှာ ပိုပြီးကြီးမားတဲ့ ထိုးစစ် ကို ဆင်နွှဲလိမ့်မယ်လို့ ယူကရိန်း သမ္မတ Zelenskyy သတိပေး၊ ယူကရိန်း မြို့တော် ကိဗ်ကနေ ဆုတ်ခွာသွားတဲ့ ရုရှားတပ်တွေဟာ ယူကရိန်း ရဲ့ Donbas ဒေသ ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Josep Borrellက ပြော၊ ယူကရိန်းကို ပံ့ပိုးကူညီဖို့အတွက် နယူးဇီလန်က C-130 ဟာကျူလီ လေယာဉ်တစင်းနဲ့ အမှုထမ်း ၅၀ ဥရောပကို စေလွှတ်
ဗွီအိုအေရေဒီယိုညပိုင်း ဧပြီ၁၁၊၂၀၂၂
ရန်ကုန် မန္တလေး ပစ်ခတ်ဗုံးကွဲမှုများ ထိခိုက်ဒဏ်ရာရသူများရှိ၊ လေးကေ့ကော်တိုက်ပွဲကြောင့် ကရင်ဒေသခံ ၁၆၀၀ ထိုင်းနိုင်ငံတိမ်းရှောင်၊ နိုင်ငံအရှေ့ခြမ်းကို ရုရှားထိုးစစ်ပြင်နေတယ်လို့ ယူကရိန်းသမ္မတသတိပေး စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။