TV
၀၄-၂၀-၂၀၂၂ ဗုဒ္ဓဟူးနေ့မနက် VOA အသံလွှင့်အစီအစဉ်
၀၄-၂၀-၂၀၂၂ ဗုဒ္ဓဟူးနေ့မနက် VOA ရဲ့အသံလွှင့်အစီအစဉ်တွေထဲမှာ - အမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့ မြန်မာလုပ်ငန်းတွေရပ်ဆိုင်းလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲ ယာယီရပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန် ဖားအံလမ်းဆုံက ရဲစခန်းတခုကို KNLA နဲ့ပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီပဲရင်းနဲ့ပေါက်မြို့နယ် တွေထဲမှာကျေးရွာတွေမီးရှို့ခံ နေရပါတယ်။မြန်မာနိုင်ငံမှာလောင်စာဆီနဲ့ကုန်ဈေးနှုန်းတွေတက်နေလို့ အခက်တွေ့နေရပါတယ်။ ယူကရိန်းမှာတိုက်ပွဲတွေ ပြင်းထန်နေလို့ အကူအညီတွေ လိုအပ်တဲ့နေရာရောက်ဖို့ ခက်နေတယ်လို့ WHO ကပြောပါတယ်။ အဲဒီသတင်းတွေအပြီးမှာတော့ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာ၊ ကမ္ဘာတလွှားခရီးသွားနဲ့အင်္ဂါဆွေးနွေးပွဲ အစီအစဉ်စတဲ့ အပတ်စဉ်ကတွေကိုနားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၄-၂၀-၂၀၂၂)
ယူကရိန်းနိုင်ငံ Mariupol မြို့ထဲကနေ အရပ်သားတွေကိုကယ်ထုတ်ရေး ရုရှားနဲ့ ကနဦးသဘောတူညီချက်တခုရပြီလို့ ယူကရိန်းအစိုးရပြော၊ မလေးရှားနိုင်ငံ လူဝင်မှု ထိန်းသိမ်းရေးစခန်းတခုမှာ ရုန်းရင်းဆန်ခတ် အခြေနေတခုဖြစ်ပြီးတဲ့နောက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေထဲက ၆ ဦး သေဆုံး၊ အာရှဒေသအတွင်း အမေရိကန်ရဲ့ စစ်ရေးပါဝင်မှုကို တုန့်ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက အနီးနား ပင်လယ်ပြင်မှာ အဆင်မြင့်ဂျက် တိုက်လေယာဉ်တွေကို ဖြန့်ချ
ဗွီအိုအေရေဒီယိုညပိုင်း ဧပြီ၂၀၊၂၀၂၂
စက်သုံးဆီဆိုင်အများစု အလုံအလောက်ရောင်းချဖို့အခက်ကြုံနေဆဲ၊ မြန်မာအမျိုးသမီးအကျဉ်းသူတွေအတွက် ဟောလီဝုဒ်အကျော်အမော်တွေပါလာဖို့လှုပ်ရှားမှု၊ မြန်မာနွယ်ဖွား Miss Indiana Teen စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။