TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၁၉၊ ၂၀၂၂။
ညီညွတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်ရေး ယူကရိန်း လျှောက်ထား၊ မကွေးတိုင်း ပေါက်မြို့နယ်က ကျေးရွာတွေ မီးရှို့ခံရ၊ စစ်အာဏာသိမ်းမှုနောက် ဆရာဝန်တွေ ပြည်ပ ထွက်ခွာမှု တိုးလာတဲ့ အကြောင်း၊ တရုတ်နဲ့ ပိုင်နက် အငြင်းပွားတဲ့ အင်ဒိုနီးရှားက အမေရိကန် ဘက်ကို ယိမ်းလာတဲ့ အကြောင်း သတင်းဆောင်းပါးတွေနဲ့ အတူ စီးပွားရေး၊ ဘလော့ဂါတွေပြောသမျှ၊ သက်တန့်ရောင် သတင်းလွှာ တို့ကိုလည်း နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၄-၁၉-၂၀၂၂)
ရုရှား က Donetsk နဲ့ Luhansk ဒေသတွေ ကို အပြည့်အဝ ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ယူကရိန်း စစ်တပ်ပြော၊ ဝါရှင်တန်ဒီစီ မှာကျင်းပမယ့် နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့ နဲ့ ကမ္ဘာ့ဘဏ် တို့ ရဲ့ အစည်းအဝေး မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Janet Yellen ဟာ ယူကရိန်း ဝန်ကြီးချုပ် နဲ့ တွေ့ဖို့ရှိ၊ အာဖဂန်မြို့တော် ကဘူးလ်က အထက်တန်းကျောင်းတခုမှာ ဗုံးပေါက်ကွဲတာကြောင့် အနည်းဆုံး ၆ ယောက်သေဆုံးပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရ
ဗွီအိုအေရေဒီယိုညပိုင်း ဧပြီ၁၉၊၂၀၂၂
မြန်မာနဲ့ ဒေသတွင်းပဋိပက္ခတွေဖြေရှင်းရေး စင်္ကာပူနဲ့ နယူးဇီလန်ပူးတွဲဆောင်ရွက်မည်၊ မြန်မာနိုင်ငံတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတန်းရှည်စောင့်ဆိုင်းဝယ်ယူနေရ၊ အခြေခံစားကုန်ဈေးနှုန်းများတက်လို့ ရောင်းသူဝယ်သူအခက်ကြုံ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွား၊ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။