TV
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၄-၁၂-၂၀၂၂)
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း အရှေ့ပိုင်း Donetsk ဒေသ နဲ့ တောင်ပိုင်း Mariupol မြို့တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ယူကရိန်း ပြောဆို၊ ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဂျပန်နိုင်ငံ ထပ်တိုး ချမှတ်၊ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်း လူသားဘေးဒုက္ခ အခြေအနေ ပိုမို ဆိုးရွားလာကြောင်း ကုလသမဂ္ဂ သတိပေး…စတဲ့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေရေဒီယိုညပိုင်း ဧပြီ၁၂၊၂၀၂၂
သင်္ကြန်အကြိုကာလ ရန်ကုန်လုံခြုံရေးတင်းကြပ်၊ စစ်ကိုင်း ပင်လည်ဘူးမြို့နယ်တွင်း တိုက်ပွဲပြင်းထန် နှစ်ဖက်ထိခိုက်မှုရှိ၊ မြန်မာသတင်းသမား ဝင်းနိုင်ဦးကိုလွှတ်ပေးဖို့ NUJ အဖွဲ့တောင်းဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွား၊ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့ညစကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။