TV
ဗွီအိုအေ မြန်မာနံနက်ခင်း ( ၂၂ ဒီဇင်ဘာ ၂၀၂၂)
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်တောင်းဆို၊ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ကန်ကြိုဆို၊ အမေရိကန်ပြည်ထောင်စု ရောက်နေတဲ့ ယူကရိန်းသမ္မတ ဇာလင်းစကီးကို သမ္မတ ဂျိုးဘိုင်ဒင် အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံ စတဲ့ ထိပ်တန်းသတင်းတွေနဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ တပတ်အတွင်း အားကစား အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၂၂၊ ၂၀၂၂)
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ် မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲ အတည်ပြုလိုက်ပါတယ်။ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီး မနေ့က အမေရိကန်ကွန်ဂရက်စ်လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့သလို သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံခဲ့ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၂၂၊ ၂၀၂၂
မြန်မာဆိုင်ရာ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချ၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ကန်နဲ့ လူ့အခွင့်အရေးဆောင်ရွက်သူတွေကြိုဆို၊ ထိုင်းစီစဉ်တဲ့ အလွတ်သဘော အာဆီယံအစည်းအဝေး ဘန်ကောက်မှာကျင်းပ စတဲ့သတင်းတွေနဲ့၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာအပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။