TV
ဗွီအိုအေ မြန်မာ မနက်ခင်း ဒီဇင်ဘာ ၃၊ ၂၀၂၂
ဘာသာရေးလွတ်လပ်ခွင့်ချိုးဖေါက်တဲ့ နိုင်ငံတွေထဲ မြန်မာပါဝင် ၊အီရန်ဘောလုံးအသင်းရှုံးနိမ့်မှု အတွက် ပျော်ရွှင်လှောင်ပြောင်သူ ပစ်သတ်ခံရ ၊ ကမ္ဘာ့ဖလားပွဲ နောက်ဆုံးရ အခြေအနေ စတဲ့သတင်းတွေနဲ့အတူ ကန့်ဘလူ စစ်ရှောင်တွေ ရိက္ခာဆေးဝါး အခက်ကြုံ ၊ စစ်ကောင်စီလက်နက်ကြီးကြောင့် ကရင်နီ အရပ်သား (၃၀) ကျော် သေဆုံးထိခိုက် စတာတွေနဲ့ အတူ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ကြည့်ရှုကြရမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၂)
မြန်မာမှာ ရုရှားနည်းပညာဓာတ်ပေါင်းဖို့ဆောက်ဖို့ စစ်ကောင်စီပြင်ဆင်၊ NUG ယာယီသမ္မတ နိုင်ငံတကာက လေယာဉ်ပစ်လက်နက်ကူညီရန် တောင်းဆို၊ ကမ္ဘာ့ဖလားမှာ ပထမဆုံး အမျိုးသမီးဒိုင်တွေ ခန့်၊ ဒီလို မြန်မာနိုင်ငံနဲ့ ကမ္ဘာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်နဲ့ နောက်ပိုင်းမှာတော့ ပြည်တွင်းစစ်မီးကြောင့် အရင်ငြိမ်းချမ်းတဲ့ဒေသတွေက ပြည်သူတွေတောင် စစ်ဒဏ်သင့်ကြုံရတဲ့အကြောင်း သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ ဒီဇင်ဘာ ၃ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၃၊ ၂၀၂၂)
နည်းပညာ အဆင့်အမြင့်ဆုံး ဗုံးကြဲ လေယာဉ်သစ်တစင်း အမေရိကန် လေတပ်မိတ်ဆက်၊ ကမ္ဘာ့ဖလားရှုံးထွက်ပွဲတွေ ဒီနေ့စတင်၊ ခိုင်းစေ နှိပ်စက်ခံနေရတဲ့ ဆင်းရဲတဲ့ ကလေးငယ်တွေအကြောင်း ဒို့အသံ၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အခွင့်အရေးအကြောင်း ဒီကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ ဆွေးနွေးခန်း၊ မြန်မာနဲ့ နိုင်ငံတကာတပတ်အတွင်း သတင်းစုစည်းချက်တွေ တင်ဆက်ထားပါတယ်။