TV
ဗွီအိုအေ မြန်မာမနက်ခင်း၊ နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၂
ရခိုင်မှာအပစ်ရပ်တာ AA ဘက်ကပါအတည်ပြု၊ ကမ္ဘာ့ဖလားဘော်လုံးပွဲ အာဂျင်တီးနားအနိုင်ရ၊ ရင်သားကင်ဆာ အဖြစ်များတဲ့ နိုက်ဂျီးရီးယားမှာကြိုတင်သိရှိနိုင်မယ့်ကရိယာတီထွင်။ စတဲ့သတင်းနဲ့သတင်းဆောင်းပါး တွေအပြီးမှာတော့ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်းမြန်မာနဲ့နိုင်ငံတကာသတင်း စတဲ့ပတ်စဉ်ကဏ္ဍတွေကိုကြည့်ရှုနားဆင်ရပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၇ ရက်၊ ၂၀၂၂
ဂျပန်မှာ စပျစ်ဝိုင်အရက်စိမ်ပြီး ရေချိုးနိုင်၊ အိန္ဒိယက မသန်စွမ်း စုံတွဲ ၅၀ ကျော် တူတူ မင်္ဂလာဆောင်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ဆီးချိုသမားတွေ အဆီနဲ့ အချို အထူးရှောင်ကျဉ်သင့် လူထုနဲ့ ကျန်းမာရေး၊ လူကုန်ကူးခံရတဲ့ အမျိုးသမီးတဦး ဘဝကို ရှင်သန်ရပ်တည်နေပုံ အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၂၇ ၊ ၂၀၂၂
မြန်မာစစ်အာဏာသိမ်းကာလ အွန်လိုင်းပညာရေးအတွက် ထောက်ကူပြုနေတဲ့ 360ed၊ တရုတ်မှာ ကိုဗစ် Lockdown ဆန့်ကျင်တဲ့ဆန္ဒပြနေတာတို့နဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စုများ၊ ထူးခြားဆန်းပြားသတင်းများတို့ကို နားဆင်ရမှာပါ။