TV
နိုဝင်ဘာ ၁၅၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး အမေရိကန်သမ္မတ ကတိပေး၊ ဖမ်းဆီးခံသတင်းသမား ကိုဟန်သာငြိမ်း RSF မီဒီယာလွတ်လပ်ခွင့်ဆုရှင် ဆန်ကာတင်စာရင်းမှာပါဝင် စတာတွေအပြင်၊ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၁၅၊၂၀၂၂)
ယူကရိန်းစစ်ကြောင့် အကွဲအကွဲအပြားပြားရှိနေချိန်မှာပဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ G20 ကမ္ဘာ့စီးပွားအင်အားကြီးနိုင်ငံက ခေါင်းဆောင်တွေ အခုအင်္ဂါနေ့ စုဝေး စည်းဝေးနေကြပါပြီ။ စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ပြန်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒီသတင်းနဲ့အတူ ဆက်သွယ်မေမြန်းချက်နဲ့ အပတ်စဉ်အစီအစဉ်တခု တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၅၊ ၂၀၂၂)
မော်လမြိုင် အ၀င်အထွက် လုံခြုံရေးတင်းကျပ်၊ ပုဏ္ဏားကျွန်း တိုက်ပွဲကြောင့် ဒေသခံသောင်းနဲ့ချီ ထွက်ပြေး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ပြန်လွတ်၊ တမူးနယ်စပ်ဂိတ် ၃ လ ယာယီပိတ်..စတဲ့ နောက်ဆုံးရ သတင်းပေးပို့ချက်တွေအပြင် ငြိမ်းချမ်းရေး တွေ့ဆုံပွဲတွေနဲ့ပတ်သက်လို့ RCSS ဗဟို ဦးဆောင်ကော်မတီဝင် စိုင်းလျန်းနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းချက်နဲ့ မညိုညိုလွင်ရဲ့ နေရာပေါင်းစုံအကြောင်းစုံ အစီအစဉ်တွေ စုစည်း တင်ပြထားပါတယ်။