TV
VOA မြန်မာနံနက်ခင်း (၃၀ အောက်တိုဘာ ၂၀၂၂ တနင်္ဂနွေ)
ယူကရိန်း ကောက်ပဲသီးနှံတင်ပို့မှုကို ရပ်လိုက်ပြီလို့ ရုရှားက ကြေညာပါတယ်၊ အီရန်က စနေနေ့ဆန္ဒပြပွဲဟာ နောက်ဆုံးဖြစ်စေရမယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်က သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယားမှာလုပ်တဲ့ Halloween ပွဲတော်မှာ လူတွေ လန့်ဖြန့် တိုးကြိတ်ရင်း တက်နင်းမိလို့ ၁၄၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီလိုနောက်ဆုံးရသတင်းနဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်း စုစည်းတင်ပြချက်ကို နားဆင်ရပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၂
မညိုညိုလွင်ရဲ့ နေရာစုံ အကြောင်းစုံအစီအစဉ်သစ်၊ ဆေးကုပေမဲ့ ဘာကြောင့် ဆီးချို သွေးချို မကျရသလဲသိရမယ့် လူထုနဲ့ကျန်းမာရေး၊ Airbnb အကြောင်းပြောပြထားတဲ့ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ အောက်တိုဘာ ၃၀ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း အောက်တိုဘာ ၃၀ ၊ ၂၀၂၂
မလေးရှားရောက်မြန်မာတွေ နေရပ်ပြန်မပို့ဖို့ UNHCR တောင်းဆို၊ မြန်မာပြည်သူတွေအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ကူညီပေးဖို့ တယ်လီနော စီစဉ်နေ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများ စတာတွေကို နားဆင်ရပါမယ်။