TV
စက်တင်ဘာ ၂၈၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်း ကျုးကျော်စစ်မှာ ရုရှားဝါဒဖြန့်ချီမှုတွေ ဖေ့စ်ဘွတ်ကုမ္ပဏီ ဖော်ထုတ်၊ ချင်းပြည်နယ်က ဖိနှိပ်မှုအခြေအနေ မြန်မာ့အရေး လှုပ်ရှားသူတွေ ကုလကိုတင်ပြ၊ မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ စိန်ခေါ်မှု ကျွမ်းကျင်သူတွေဆွေးနွေး စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ(စက်တင်ဘာ ၂၈၊ ၂၀၂၂)
ယူကရိန်းကိုအကြပ်ကိုင်ခြိမ်းခြောက်မှုကြောင့် ယူကရိန်းဘက်ထောက်ခံမှုတွေပဲဖြစ်လာစေမယ်ဆိုတာ ရုရှားကိုသိအောင်ပြကြဖို့ ယူကရိန်းက တိုက်တွန်းပါတယ်။ Baltic ပင်လယ်ထဲ Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု ဓာတ်ငွေ့ယိုစိမ့်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိလုပ်တာထင်ရှားတယ်လို့ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲကပြောပါတယ်။ ဒီသတင်းတွေနဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ် ။
ဗွီအိုအေ မြန်မာညချမ်း စက်တင်ဘာ ၂၈၊ ၂၀၂၂
Baltic ပင်လယ်ထဲက ဓါတ်ငွေ့ပိုက်လိုင်းတွေ တမင်ဖျက်စီးခံရနိုင်ခြေများ၊ ဗီယက်နမ်ကို Noru မုန်တိုင်း တိုက်ခတ်၊ ဘုရားသုံးဆူနားတိုက်ပွဲကြောင့် ထိုင်းမြန်မာ နယ်စပ်ဂိတ်ပိတ်၊ လွိုင်ကော်မြို့နယ် ကုန်းသာရွာမှာ လက်နက်ကြီးကြောင့် ၁ ဦးသေဆုံး၊ တန့်ဆည်မှာ ရွာ ၂၀ ကျော် မီးရှို့ခံရ စတဲ့သတင်းတွေနဲ့ နှောင့်နှေးနေတဲ့ ကုလအဆုံးအဖြတ် ဘယ်လောက်အရေးကြီးသလဲ မြန်မာ့အရေးသုံးသပ်ချက်ပါတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။