TV
စက်တင်ဘာ ၁၃၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
အဲလိဇဘတ် ဘုရင်မ ရုပ်အလောင်းသယ်ဆောင်ရာ ချားစ်ဘုရင်လိုက်ပါပို့ဆောင်၊ မြန်မာနိုင်ငံက စစ်ရာဇ၀တ်ဆိုင်ရာ အချက်အလက်တွေ ဖေ့စ်ဘွန်ကုမ္ပဏီ IIMM အဖွဲ့ကို ပေးအပ်၊ ကုလလူ့အခွင့်အရေးကောင်စီ ကမ္ဘာတ၀ှမ်းက စိုးရိမ်စရာအခြေအနေတွေဆွေးနွေး စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၁၃၊၂၀၂၂)
အမေရိကန်ခေါင်းဆောင်တွေဟာ ယူကရိန်းစစ်အောင်ပွဲကြေညာဖို့ထက် လာမယ့် စစ်ပွဲအလားအလာတွေကို မျှော်ကြည့်နေပါတယ်၊ မြန်မာနိုင်ငံမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတဲ့အကြောင်း HRW က ပြောပါတယ် စတာတွေနဲ့ သတင်းပေးပို့ချက် သတင်းဆောင်းပါးတွေ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၁၃၊ ၂၀၂၂)
နိုင်ငံရေး အကျဉ်းသားတချို့ ထောင်တွင်းသေဆုံးမှု HRW ရှုတ်ချ၊ ကိုဗစ်ကာလ အလုပ်ဖြုတ်ခံရတဲ့ ထိုင်းက မြန်မာအလုပ်သမားတချို့ နစ်နာကြေးရ၊ ဘုရင်မကြီး အဲလိစ်ဇဘက်သ် ဈာပန မြန်မာကိုမဖိတ် စတဲ့ နောက်ဆုံးရသတင်းတွေနဲ့ အမေရိကန်နိုင်ငံရေး၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အပတ်စဉ်ကဏ္ဍတွေ တင်ပြထားပါတယ်။