TV
စက်တင်ဘာ ၁၉၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ဗြိတိန်ဘုရင်မကြီး ကွယ်လွန်မှု ၀မ်းနည်းမှတ်တမ်း သမ္မတဘိုင်ဒင် လက်မှတ်ထိုး၊ အာဖဂန်မိန်းကလေးငယ်တွေ ကျောင်းတက်ခွင့်ပေးဖို့ တာလီဘန်တွေကို ကုလတောင်းဆို၊ ရေဘေးသင့် ပါကစ္စတန်မှာ နောက်ဆက်တွဲ စားရေရိက္ခာအခက်ကြုံ၊ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများ အပတ်စဉ် အစီအစဉ်တွေကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၁၉၊၂၀၂၂)
ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ တော်ဝင်မိသားစုတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ကြပါတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လက်နက်ကြီးကျည်တွေ ကျခဲ့တဲ့ ပစ်ခတ်မှုဟာ မြန်မာစစ်တပ်ရဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်လာတဲ့ လုပ်ရပ်ဖြစ်တာကြောင့် စစ်ကောင်စီအပေါ်နိုင်ငံတကာလက်နက်ရောင်းချမှုတွေ ရပ်တန့်ဖို့ AA က ပြောပါတယ် စတဲ့သတင်းတွေနဲ့ သတင်းလွှာတွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေရေဒီယိုညပိုင်း၊ စက်တင်ဘာ ၁၉၊ ၂၀၂၂
ကွယ်လွန်သူဗြိတိန်ဘုရင်မကြီးရဲ့ ဈာပနအခန်းနားကို ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်၊ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု တားဆီးဖို့ AA တောင်းဆို၊ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး ရှမ်းတောင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အခြေအနေ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ခ်ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေ နားဆင်ရဖို့ရှိပါတယ်။