TV
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၂)
ဗြိတိန်ဘုရင်မကြီး ဈာပန သမ္မတ Biden တက်ရောက်မည်၊ ဗြိတိန်နဲ့ ဓနသဟယအကျိုး အသက်ထက်ဆုံး သယ်ပိုးသွားမည် (တတိယမြောက်ချားလ်ဘုရင်)၊ စကစ ပြောတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေ (သုံးသပ်သူတချို့အမြင်)၊ ပရဟိတ လူနာတင်ယာဉ် တိုက်ခိုက်ခံရ စတဲ့သတင်းတွေနဲ့ အမျိုးသမီးကဏ္ဍ၊ သိပ္ပံနဲ့နည်းပညာ၊ သုတစုံလင် အမေရိကန်တခွင် အပတ်စဉ်ကဏ္ဍတွေ နားဆင်ရမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၂
မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ တွေ့ဆုံဆွေးနွေး၊ ဗြိတိသျှဘုရင်မကြီး သက်တော် ၉၆ နှစ်မှာ ကွယ်လွန်၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်းတင်ပြချက်နဲ့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံနေရတဲ့ နေ့စဉ်ဘဝများအကြောင်း သတင်းထောက်မှတ်စု တို့ကို ၂၀၂၂ စက်တင်ဘာလ ၁၀ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၁၀၊ ၂၀၂၂)
စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီး၊ ဒူဘိုင်းမှာ ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီး ၇ ဦး မြန်မာပြည် ပြန်ရောက်၊ ချားလ်စ်ဘုရင်ကို အခမ်းအနားနဲ့ တရားဝင်တင်မြှောက်... စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် ဒို့အသံ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်း စုစည်းချက်တွေ တင်ဆက်ထားပါတယ်။