TV
စက်တင်ဘာ ၂၁၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်မှု ကုလရှုတ်ချ၊ မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် အထွေထွေ ညီလာခံမှာ သတိပေး၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ့်သူ ရွေးချယ်ရေး အလားအလာ စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အပတ်စဉ် ထုတ်လွှင့်နေတဲ့ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၁၊၂၀၂၂)
ယူကရိန်း အရှေ့မြောက်ပိုင်းဒေသတချို့မှာ ရုရှားအရံတပ်ဖွဲ့တွေကို တာဝန်ချထားမယ်လို့ ရုရှားသမ္မတ Vladimir Putin က ကြေညာပါတယ်၊ ကုလနဲ့ အာဆီယံတို့က မြန်မာ့အရေး တိတိကျကျ အရေးယူဆောင်ရွက်လာအောင် အပြစ်မဲ့ကလေး ဘယ်နှစ်ယောက် အသတ်ခံပေးရမှာလဲ လို့ SAC-M က မေးခွန်းထုတ်လိုက်ပါတယ် စတဲ့သတင်းတွေနဲ့ သတင်းဆောင်းပါးတွေ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း စက်တင်ဘာ ၂၁၊ ၂၀၂၂
ကုလအထွေထွေညီလာခံမှာ သမ္မတဘိုင်ဒန် ဒီနေ့ မိန့်ခွန်းပြောမယ်၊ တင်းတရာစပါးဈေး ကျပ် ၁၀ သိန်းကျော်တက်၊ အွန်လိုင်းငွေလွှဲလုပ်ငန်းတွေ တင်းကြပ်လို့ လုပ်ငန်းတွေ အခက်တွေ့၊ မြန်မာထဲမှာ IT အလုပ်ကောင်းရမယ်လို့ အိန္ဒိယ ၃၀၀ လောက် လှည့်ဖျား အလုပ်ခိုင်းခံနေရ၊ မြန်မာနဲ့နယ်စပ်လုံခြုံရေး ဘင်္ဂလားဒေရှ့်တိုးမြှင့် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။