TV
စက်တင်ဘာ ၂၉၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
မြန်မာကို လက်နက်တင်ပို့မှု တားမြစ်ရေး ထိရောက်အောင်လုပ်ဖို့ အမေရိကန်စဉ်းစား၊ မြန်မာအလှမယ် ဟန်လေး ကနေဒါနိုင်ငံ ရောက်ရှိ၊ စစ်ကောင်စီ နိုင်ငံရေးရပ်တည်ချက်အပေါ် အကဲခတ်တွေအမြင် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင် အပတ်စဉ်ကဏ္ဍတွေ ဖြစ်ကြတဲ့ သတင်းသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားအစီအစဉ် တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၉၊၂၀၂၂)
ယူကရိန်းနိုင်ငံတွင်း ဒေသ ၄ ခုကို ရုရှားပိုင်နက်နယ်မြေအဖြစ်နဲ့ သိမ်းသွင်းလိုက်ကြောင်း ရုရှားက မနက်ဖြန်မှာတရားဝင်ကြေညာဖို့ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရ ဘဏ္ဍာရေးဝန်ကြီးသုံးဦးအပါအဝင် စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell တို့ကို ထောင်ဒဏ် သုံးနှစ် စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေ တင်ဆက်ပေးမှာပါ။
ဗွီအိုအေ မြန်မာညချမ်း စက်တင်ဘာ ၂၉၊ ၂၀၂၂
ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell နိုင်ငံတော်လှို့ဝှက်ချက် ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၃ နှစ်စီချခံရ၊ Sean Turnell ကိုပြန်လွှတ်ပေးဖို့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးတောင်းဆို၊ အမေရိကန်ဒုသမ္မတ ကိုရီးယားစစ်မဲ့ဇုံသွားရောက်၊ ယူကရိန်းဒေသ ၄ ခု တရားဝင်သိမ်းယူပွဲ ရုရှားမှာကျင်းပမယ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။