TV
စက်တင်ဘာ ၁၂၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ဗြိတိန်ဘုရင်မကြီး ရုပ်အလောင်း လန်ဒန်မြို့ကို စတင်သယ်ဆောင်၊ အမေရိကန်မှာ စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည်ကျင်းပ၊ ထိုင်းတောင်ပိုင်းမှာ မြန်မာအလုပ်သမားတချို့ ခိုးမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများ အပတ်စဉ် အစီအစဉ်တွေကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၁၂၊၂၀၂၂)
ကွယ်လွန်သူ ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ရဲ့ ရုပ်အလောင်းကို Holyroodhouse နန်းတော်ကနေ Edinburgh မြို့ St. Giles ဘုရားကျောင်း ကို သယ်ဆောင်ပါတယ်၊ မြန်မာနိုင်ငံတွင်း ဆိုးဝါးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေဆက်ရှိနေပြီး၊ ဒီလိုကျူးလွန်မှုတွေကို ဘယ်ဥပဒေနဲ့မှ အရေးယူကိုင်တွယ်နိုင်ခြင်းမရှိဘူးလို့ IIMM အကြီးအကဲဖြစ်သူ Nicholas Koumjian က ပြောပါတယ်.. စတာတွေနဲ့ သတင်းပေးပို့ချက် သတင်းဆောင်းပါးတွေ တင်ဆက်ပါမယ်။
ဗွီအိုအေ မြန်မာညချမ်း စက်တင်ဘာ ၁၂ ၊ ၂၀၂၂
မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇ၀တ်မှုတွေ ဆက်ဖြစ်နေကြောင်း ကုလမှာ IIMM တင်သွင်း၊ မိုးဗြဲမှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းက စစ်ရှောင်တွေဆေးကုဖို့အခက်ကြုံ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ခ်ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ရမှာပါ။