TV
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၄ ရက်၊ ၂၀၂၂)
သီရိလင်္ကာကို ပြန်လာသူ သမ္မတဟောင်း Rajapaksa တရားစွဲ ခံရဖွယ်ရှိ ၊ စစ်ဘေးရှောင်နဲ့ CDM ရံပုံငွေအတွက် မေရီလန်းပြည်နယ် ဈေးရောင်းပွဲလုပ်၊ လကမ္ဘာ စူးစမ်းရေးယာဉ် လွှတ်တင်ရေး ဒုတိယအကြိမ်ရွှေ့ဆိုင်း စတဲ့သတင်းတွေနဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ ၊ တပတ်အတွင်း ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာက သတင်းတွေကို ရှုစား နားဆင်ရမှာဖြစ်ပါတယ်။
ဗွီအိုအေ တီဗွီမဂ္ဂဇင်း၊ စက်တင်ဘာ ၄ ရက်၊ ၂၀၂၂
အိုမီခရွန်ပိုး ကူးစက်မှု ပဉ္စမလှိုင်း မြင့်လာနေတဲ့ အခြေအနေသတိပေးတဲ့ လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှား ခရီးသွား၊ မက္ကဆီက ပိရိမစ်တွေဆီကို သွားတဲ့ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ စက်တင်ဘာ ၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၄၊ ၂၀၂၂
လူကုန်ကူးမှုနဲ့ ပတ်သက်နေတဲ့ ထိုင်းဝန်ထမ်းတချို့ စုံစမ်း စစ်ဆေးခံနေရ၊ မြန်မာက ဘင်္ဂလားဒေ့ရှ် ဆန်တန်ချိန် ၂ သိန်း ၀ယ်ယူမည်၊ အင်ဒိုနီးရှားမှာ လောင်စာဆီဈေး ၃၀ရာခိုင်နှုန်းတက်၊ ယူကရိန်းဝန်ကြီးချုပ်ဂျာမန်သမ္မတနဲ့တွေ့ဆုံပြီး လက်နက်အကူအညီတောင်းခံ စတဲ့သတင်းဆောင်းပါးတွေနဲ့အတူ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများစတဲ့ အပတ်စဉ်ကဏ္ဍတွေကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။