TV
စက်တင်ဘာ ၂၃ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းအရေး ကုလ လုံခြုံရေးကောင်စီမှာဆွေးနွေး၊ ရိုဟင်ဂျာတွေအတွက် အမေရိကန်က လူသားချင်းစာနာမှု အကူအညီ နောက်ထပ် ဒေါ်လာသန်း ၁၇၀ ကျော်ပေး၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ အတုအယောင် ဖြစ်မယ်လို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သတိပေး၊ စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အပတ်စဉ် တင်ဆက်ပေးနေတဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၃၊၂၀၂၂)
မြန်မာစစ်ကောင်စီ စီစဉ်တဲ့ ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စုက ထောက်ခံမှာမဟုတ်သလို၊ မြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီကတိုးမြှင့်ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံက ပြောပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ လူထုဆန္ဒခံယူပွဲကို သောကြာနေ့မှာ စတင်မဲပေးနေပါပြီ။ ဒီသတင်းတွေနဲ့ သတင်းလွှာတွေ တင်ဆက်ထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၂၃၊ ၂၀၂၂)
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အမေရိကန် ထောက်ခံဖို့မရှိ၊ အိန္ဒိယနိုင်ငံသားတွေ ရွှေကုက္ကိလ် မြို့သစ်မှာ အဖမ်းခံနေရ၊ မြန်မာအလှမယ် ဟန်လေးကို နေရပ်ပြန်မပို့ဖို့ ထိုင်းနဲ့ UNHCR ညှိနှိုင်း.. စတဲ့နောက်ဆုံးရ သတင်းတွေအပြင် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတွေ စုစည်း တင်ဆက်ထားပါတယ်။