TV
စက်တင်ဘာ ၂၀ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ဗြိတိန်ဘုရင်မကြီး ဈာပနအခမ်းအနား ကျင်းပပြီးစီး၊ ဘင်္ဂလားနယ်စပ် ပစ်ခတ်မှုတွေ စစ်ကောင်စီနဲ့ AA အပြန်အလှန်စွပ်စွဲ၊ မြန်မာဒုက္ခသည်တွေအတွက် မီဇိုရမ်ပြည်နယ် စည်းကမ်းသစ်တွေထုတ်ပြန် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၀၊ ၂၀၂၂)
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ အမေရိကန် အထူးသံအဖြစ် သံအမတ်ကြီး Yohannes Abraham ဟာ မနေ့က အမေရိကန် ဒုသမ္မတ Kamala Harris ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပါတယ်။ အာဆီယံအနေနဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖေါ်နိုင်တော့ဘူးဆိုရင် နောက်တဆင့် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ရတော့မယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah ပြောဆိုပါတယ် စတဲ့ နောက်ဆုံးရသတင်းတွေနဲ့ သတင်းလွှာတွေကိုတင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၂၀၊ ၂၀၂၂)
ဒီပဲယင်း လက်ယက်ကုန်းရွာ တိုက်ခိုက်မှု ပြန်ရောက်မလာသူတွေ ရှိဆဲ၊ မိုးဗြဲဒေသခံတချို့ ဘုန်းကြီးကျောင်းထဲ ထိန်းသိမ်းခံထားရ၊ တရုတ်-မြန်မာနယ်စပ် ကိုဗစ်ကြောင့် အသွားအလာ ကန့်သတ်..စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် အမေရိကန်နိုင်ငံရေး၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အပတ်စဉ်ကဏ္ဍတွေ တင်ပြထားပါတယ်။