TV
အောက်တိုဘာ ၄၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားလက်က နယ်မြေတချို့ ယူကရိန်းတပ်တွေ ထပ်မံသိမ်းပိုက်၊ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက် ပြင်းထန်နေတဲ့အပေါ် ကုလစိုးရိမ်၊ မြန်မာနိုင်ငံက တိုက်ပွဲတွေအတွင်း အရပ်သားတချို့ သေကျေထိခိုက် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၄၊၂၀၂၂)
မြောက်ကိုရီယားဟာ အမျိုးအမည်မသိနိုင်သေးတဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တမျိုးကို ဂျပန်နိုင်ငံကို ဖြတ်ကျော်ပြီး စမ်းသပ်ပစ်လွှတ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ပညာရှင် ၃ ဦး ပူးတွဲရရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဒီကနေ့ ကြေညာပါတယ်။ ဒီသတင်းတွေနဲ့အတူ ရေခြားမြေခြားရုပ်ပုံလွှာနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၄၊ ၂၀၂၂)
အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်၊ ကနီနဲ့ ဆားလင်းကြီး ရွာနှစ်ဒါဇင်ကျော် စစ်ဘေးတိမ်းရှောင် စတဲ့ ထိပ်တန်းရောက်သတင်းတွေအပြင် အမေရိကန်နိုင်ငံရေး၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စု၊ ဆိုရှယ်မီဒီယာ လူကြည့်များ သတင်းတိုများနဲ့ ကမ္ဘာတလွှားခရီးသွား အပတ်စဉ်ကဏ္ဍတွေ စုစည်း တင်ပြထားပါတယ်။