TV
၁၉:၀၀ - ၁၉:၃၀
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၂
အကြိုဆီးချိုဖြစ်ချိန် သေချာကုသဖို့လို လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ဂျော်ဂျီယာနိုင်ငံက ဖန်သားကြမ်းပြင် ကြိုးတံတားကြီးဆီ ခေါ်သွားမယ့် ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့စစ်ပွဲကြီးတွေနဲ့ သေဆုံးမှုများ သတင်းထဲက သုတ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာနဲ့ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကို ၂၀၂၂ အောက်တိုဘာ ၂၃ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း အောက်တိုဘာ ၂၃ ၊ ၂၀၂၂
ကော့ကရိတ်အနီး စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်၊ မြန်မာဘက်က လက်နက်ကြီးကျည် ဘင်္ဂလားဒေ့ရှ်ဘက်ထပ်ကျ၊ သမ္မတ ရှီကျင့်ဖျင်ကို ကွန်မြူနစ်ပါတီခေါင်းအဖြစ် ထပ်မံ ရွေးချယ် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများတို့ကို နားဆင်ရမှာပါ။