TV
အောက်တိုဘာ ၂၈၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းစွမ်းအင် လုပ်ငန်းတွေကို ပစ်မှတ်ထား ရုရှားတိုက်ခိုက်၊ ကမ္ဘာမှာ တီဘီရောဂါကြောင့် သေဆုံးမှုတိုးလာတဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်၊ မြန်မာ့အရေး ကုလတတိယ ကော်မီတီမှာ အပြန်အလှန်ဆွေးနွေး စတဲ့ ထိပ်တန်းရောက် သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၂၈၊၂၀၂၂)
ယူကရိန်းကို ရုရှားကျူးကျော်စစ်ဟာ ဥရောပအတွက် လုံခြုံမှုကင်းမဲ့တဲ့ ကာလဆီကို ရောက်သွားစေတယ်လို့ ဂျာမဏီနိုင်ငံက ပြောဆိုပါတယ်။ မြောက်ကိုရီယားနိုင်ငံဟာ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်နှစ်စင်းကို အရှေ့ဖက်ပင်လယ်ပြင်ထဲကို ဒီကနေ့ နေ့လည်ပိုင်းက ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီယားစစ်တပ်က ပြောပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၂၈၊ ၂၀၂၂)
မြန်မာကို အာဆီယံက ဖယ်ထုတ်ဖို့ စဉ်းစားချက်မရှိသေး၊ မိုးမောက်မှာ တိုက်ပွဲပြင်းထန် ဒေသခံ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်၊ မြောက်ကိုရီးယား တာတိုပစ်ပဲ့ထိန်းဒုံးကျည် နှစ်စင်း ထပ်မံ စမ်းသပ် စတဲ့ ထိပ်တန်းရောက် သတင်းတွေအပြင် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင် နဲ့ သိပ္ပံနဲ့ နည်းပညာ အပတ်စဉ်ကဏ္ဍတွေ စုစည်း တင်ဆက်ထားပါတယ်။