TV
အောက်တိုဘာ ၃၁၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ဟောလိုးဝင်းပွဲမှာ လူ ၁၅၀ ကျော်သေဆုံးမှု တောင်ကိုရီးယား အာဏာပိုင်တွေစုံစမ်း၊ အိန္ဒိယမှာ တံတားကျိုးလို့ လူ ၈၀ ကျော်သေ၊ တရုတ်နဲ့ စစ်ရေးတင်းမာမှုအပေါ် ထိုင်ဝမ်ရောက် မြန်မာတွေစိုးရိမ် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများ အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၃၁၊၂၀၂၂)
လျှပ်စစ်ဓါတ်အားနဲ့ ရေဖြန့်ဝေမှုအပါအဝင် အဓိကမြို့ပြအခြေခံအဆောက်အဦးတွေကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ယူကရိန်းအရာရှိတွေကပြောပါတယ်။ မြန်မာလူသားချင်းစာနာအကူအညီပေးရေးအတွက် ဒေါ်လာ ၆၄၃ သန်းလိုအပ်နေတယ်လို့ ကုလ လူသားချင်းစာနာကူညီမှုဆိုင်ရာညှိုနှိုင်းရေးရုံးက ထုတ်ပြန်ပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ်အမေရိကန်နိုင်ငံရေးအစီအစဉ်ကိုတင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း အောက်တိုဘာ ၃၁ ၊ ၂၀၂၂
စစ်တပ်ရဲ့ထိုးစစ်ကြောင့် စစ်ကိုင်းတိုင်းတွင်းက ဒေသခံတွေ နေရပ်မပြန်ရဲသေး၊ ဖားကန့်မှာ စက်သုံးဆီပြတ်လပ်နေ၊ မလေးရှားက ထိုင်းအစားအစာရောင်းပွဲမှာ မြန်မာတချို့ ဖမ်းဆီးခံရ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ခ်ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ရမှာပါ။