Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၁၇၊၂၀၂၂)

ယူကရိန်းမြို့တော် Kyiv မှာ ဒီမနက်ပိုင်း အီရန်လုပ် Shahed ဒရုန်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုအတော်များများ ခံခဲ့ရတယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။ ယူကရိန်းကို ရုရှားက စစ်ဆင်ရာမှာ အီရန်ပါဝင်ပတ်သက်တယ်ဆိုတာ အတည်ပြုနိုင်ရင် အီရန်အပေါ် အရေးယူဒဏ်ခတ်ဖို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတချို့ ပြင်ဆင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell ကို နေပြည်တော်အကျဉ်းထောင်ကနေ အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးတွေ အပတ်စဉ်အမေရိကန်နိုင်ငံရေးအစီအစဉ်တွေ တင်ဆက်ပေးပါမယ်။

XS
SM
MD
LG