TV
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၂၇၊ ၂၀၂၂)
မြန်မာ့အရေး ဖြေရှင်းဖို့ နိုင်ငံတကာရဲ့ ပျက်ကွက်မှု ကုလအထူးကိုယ်စားလှယ်ထောက်ပြ၊ အာဆီယံဝန်ကြီး အစည်းအဝေးအပေါ် အကဲခတ်တွေအမြင် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင် အပတ်စဉ်ကဏ္ဍတွေ ဖြစ်ကြတဲ့ သတင်းသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားအစီအစဉ် တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၂၇၊၂၀၂၂)
ရုရှားတို့တိုက်ခိုက်မှုမှာ ဓါတ်အားပေးစက်ရုံတွေထိခိုက်တဲ့အတွက် ယူကရိန်းနိုင်ငံတွင်းလျှပ်စစ်ဓါတ်အားဖြန့်ဝေမှု အကန့်အသတ်နဲ့ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ မြန်မာ့အရးအာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အခိုင်အမာဆက်ပြီးကိုင်စွဲဖို့ ဒီနေ့ကျင်းပတဲ့ မြန်မာ့အရေးအာဆီယံအထူးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးတွေ တင်ဆက်ပေးမှာပါ။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၂၇၊ ၂၀၂၂)
ဖားကန့်တိုက်ခိုက်မှု သေဆုံးအတည်ပြုစာရင်း ထုတ်ပြန်ဖို့ KIO ပြင်၊ Sitrang ဆိုင်ကလုန်းကြောင့် ရခိုင်မှာ လယ်ဧက တသိန်းနီးပါးပျက်စီး၊ မြန်မာ့အရေး ညွှန့်ပေါင်းဖွဲ့ ဖိအားပေးဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်းစတဲ့ ထိပ်တန်းသတင်းတွေနဲ့အတူ အပတ်စဉ် ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေ စုစည်း တင်ဆက်ထားပါတယ်။