TV
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၁၉ ၊ ၂၀၂၂)
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ စွမ်းအင်ပြတ်လပ်၊ မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်ခွင့် ထပ်မံကျဆင်း၊ မြန်မာနိုင်ငံ ဒုက္ခသည်အခြေအနေ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာတင်ပြ၊ စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၁၉၊၂၀၂၂)
ရုရှား က အီရန် ဒရုန်းတွေ ကို အသုံးပြုခဲ့တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကို အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ် တို့ က တောင်းဆိုလိုက်ကြပါတယ်။ ရန်ကုန် အင်းစိန်ထောင် ဗူးဝအနီး ပေါက်ကွဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ်အားကစားအစီအစဉ်ကို တင်ဆက်မှာပါ။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၁၉၊ ၂၀၂၂)
အင်းစိန်ထောင်ဝ ပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၈ ဦးသေဆုံး၊ ယင်းမာပင် ရင်ပေါင်တိုင်ရွာကို မြန်မာစစ်တပ် မြေပြင်နဲ့ဝေဟင် တပြိုင်တည်း ထိုးစစ်ဆင်၊ ၀က်လက်မှာ စစ်ဘေးဒုက္ခသည်တွေ တုပ်ကွေးဖြစ် စတဲ့သတင်းပေးပို့ချက်တွေနဲ့ အပတ်စဉ် လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ အားကစားကဏ္ဍတွေ စုစည်းတင်ပြထားပါတယ်။