TV
အောက်တိုဘာ ၁၈၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းမြို့တော် အဝေးထိန်း ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ခံရ၊ ဆန္ဒပြပွဲတွေ နှိမ်နင်းမှုအတွက် အီရန်တာဝန်ရှိသူတွေကို EU ဒဏ်ခတ်၊ ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၁၈၊၂၀၂၂)
စွမ်းအင်စက်ရုံတွေအပါအဝင် ယူကရိန်းမြို့အတော်များများကို ပစ်မှတ်ထားပြီး ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။ အနောက်ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အရင်အစိုးရသတ်မှတ်ချက်ကို လက်ရှိအာဏာရ ဩစတေးသျှ ဗဟိုလက်ဝဲယိမ်းအစိုးရက ပြန်ပြင်ဆင်လိုက်ပါတယ်။ မြန်မာအပါအဝင် ကမ္ဘာတဝှမ်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၂ နှစ် ဆက်တိုက် ကျဆင်းနေတယ်လို့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ် သက်တံရောင်သတင်းလွှာကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၁၈၊ ၂၀၂၂)
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ ၅ မှု ထပ်တိုး စွဲချက်တင်၊ စီးပွားရေးအကြံပေး ရှောင်တာနာကို အင်းစိန်ထောင် ပြောင်း၊ ဟားခါးမှာ တိုက်ပွဲဖြစ်၊ စုပေါင်းရုံးမီးလောင် စတဲ့သတင်းတွေနဲ့ အပတ်စဉ် အမေရိကန်နိုင်ငံရေး၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်၊ လူကြည့်များ တမိနစ်သတင်တိုများ၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေ တင်ဆက်ထားပါတယ်။