TV
အောက်တိုဘာ ၆၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
မြန်မာ့အရေး ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ အာဆီယံကို ဖိလစ်ပိုင်အဆိုပြုမည်၊ ပူးမားစွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံကထွက်ဖို့ပြင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေအခက်ကြုံ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင် အပတ်စဉ်ကဏ္ဍတွေ ဖြစ်ကြတဲ့ သတင်းသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားအစီအစဉ် တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၆၊၂၀၂၂)
မြောက်ကိုရီယားနိုင်ငံဟာ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်နှစ်စင်းကို အခု ကြာသာပတေးနေ့အစောပိုင်း ပစ်လွှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို အမှု ၂ ခုအတွက် ထောင်ဒဏ် ၇ နှစ် တပေါင်းတည်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ၂၀၂၂ နိုဘယ် စာပေဆုကိုတော့ ပြင်သစ်စာရေးဆရာမ Annie Ernaux က ရရှိသွားပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်မှာပါ။
ဗွီအိုအေ မြန်မာညချမ်း အောက်တိုဘာ ၆၊ ၂၀၂၂
ထိုင်းရဲတပ်ဖွဲ့ဝင်ဟောင်း ပစ်ခတ်လို့ ကလေးတွေအပါအဝင် ၃၀ ကျော်သေဆုံး၊ စာပေနိုဘဲလ်ဆု ပြင်သစ်စာရေးဆရာမ Annie Ernaux ရရှိ၊ ရွှေဘို-ရေဦး-ခင်ဦးလမ်းမကြီးနေရာတချို့ စစ်တပ်ပိတ်ဆို့၊ ဟုမ္မလင်း NLD အမတ်မိသားစု ဖမ်းဆီးခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။