TV
အောက်တိုဘာ ၅၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းဖို့ မဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတပြောကြား၊ ရိုဟင်ဂျာစက်လှေ နစ်မြုပ်မှု အနည်းဆုံး ၃ ဦးသေ UNHCR ရဲ့ Nansen ဆုရှင်တွေထဲ ‘မိတ်ဆွေ မြန်မာ’ အဖွဲ့ပါဝင် စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၅၊၂၀၂၂)
ယူကရိန်းဒေသ လေးခု ရုရှားပိုင်နက်ထဲ ထည့်သွင်းလိုက်တဲ့ ဥပဒေကို ရုရှားသမ္မတပူတင်က လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန် နဲ့ ဒိန်းမတ် နိုင်ငံတို့ က ဓာတုဗေဒ ပညာရှင် ၃ ယောက်ဖြစ်ကြတဲ့ Carolyn R. Bertozzi, K. Barry Sharpless နဲ့ Morten Meldal တို့ ကို ရရှိသွားပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ်အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း အောက်တိုဘာ ၅၊ ၂၀၂၂
မြောက်ကိုရီယားအရေး လုံခြုံရေးကောင်စီမှာ အရေးပေါ်ဆွေးနွေးမည်၊ ဦးခင်ရီ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌသစ်ဖြစ်လာ၊ ညောင်ဦးမြို့နယ်ထဲ သတ်ဖြတ်မှုတွေဖြစ်နေ၊ မုံရွာမြို့အဝင်လမ်းတွေဖျက်ဆီးခံရ စတဲ့ သတင်းတွေနဲ့ နိုင်ငံရေးလွန်ဆွဲပွဲ တိုင်းရင်းသားတွေ ဘယ်ဘက်ပါမလဲ သုံးသပ်ချက်ပါတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။