TV
နိုဝင်ဘာ ၂၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းတောင်ပိုင်းက အရပ်သားတွေ ပြောင်းရွှေ့ဖို့ ရုရှားအမိန့်ထုတ်၊ မီဒီယာဖိနှိပ်မှုတွေအတွက် အရေးယူမခံရတဲ့ စာရင်းမှာ မြန်မာပါဝင်၊ ဧရာဝတီသတင်းဌာန ဖော်ပြမှုတွေအတွက် ထုတ်ဝေသူ ဦးသောင်းဝင်း အရေးယူခံရ စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၊၂၀၂၂)
မြောက်ကိုရီယားနိုင်ငံဟာ ဒုံးကျည် ၂၃ လုံးထက်မနည်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး၊ တောင်ကိုရီယားပိုင်နယ်နမိတ်ထဲကို ၃ လုံးထက်မနည်း ကျရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ရေးမှာ ဩစတေးလျနိုင်ငံ ဘက်က စဉ်းစားနေတာတွေရှိပြီး၊ လူသိရှင်ကြားထုတ်ဖော်ပြောတာမျိုးမလုပ်ဘူးလို့ ဩစတေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောဆိုသွားပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ်အားကစားအစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၂၊ ၂၀၂၂
မစ်ဇိုင်းဒုံး ၂၄ ခုထက်မနည်း တနေ့တည်း မြောက်ကိုရီးယားပစ်လွှတ်၊ မြန်မာကိုဒဏ်ခတ်ဖို့ သြစတြေးလျ ဆက်စဉ်းစား၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ထိုင်းနဲ့ သြစတြေးလျ ပူးပေါင်းဆောင်ရွက်မည် စတဲ့သတင်းတွေနဲ့ မပီပြင်သေးတဲ့ မြန်မာ့ရှေ့ရေး သုံးသပ်ချက်ပါတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။