TV
ဗွီအိုအေ မြန်မာနံနက်ခင်း ( နိုဝင်ဘာလ ၁၂ ရက် ၂၀၂၂)
ဗွီအိုအေ မြန်မာနံနက်ခင်း ( နိုဝင်ဘာလ ၁၂ ရက် ၂၀၂၂) အာဆီယံ NUG နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိ၊ ရာသီဥတု့ပြောင်းလည်းရေး သေရေးရှင်းဖြစ်နေကြောင်း သမ္မတ ဂျိုးဘိုင်ဒန်ပြော စတဲ့သတင်းတွေနဲ့အတူ မြန်မာ့အခြေအနေ အင်ဒို နဲ့ ကုလ ရှုတ်ချ ၊တိုက်ပွဲဖြစ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အရပ်သားတချို့ ပစ်သတ်ခံရ၊ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက ကျေးရွာတွေမီးရှို့ စတဲ့သတင်းပေးပို့ချက်အပြင် အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေ စုစည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၂
စစ်ကောင်စီနဲ့ ဆက်စပ်သူတွေကို အီးယူ အရေးယူပိတ်ဆို့မှု ထပ်ချ၊ မြန်မာအကြောင်းဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပ၊ အမေရိကန်ပြည်ထောင်စုမှာ သက်တမ်းဝက်ရွေးကောက်ပွဲ ကျင်းပ၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်းသတင်းစုစည်းတင်ပြချက်နဲ့ နောက်ပိုင်းမှာတော့ လုံခြုံမှု ကင်းမဲ့တဲ့ လူထုဘဝအခြေအနေ စိုးရိမ်ချက် သတင်းထောက်မှတ်စုကို ၂၀၂၂ နိုဝင်ဘာ ၁၂ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာလ ၁၂၊ ၂၀၂၂)
မြန်မာ့အရေး အမေရိကန်နဲ့ အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေး၊ မြန်မာ့အရေး နိုင်ငံတကာ ပျက်ကွက်မှု ကုလ အတွင်းရေးမှူးချုပ် ၀န်ခံ၊ အမေရိကန် အထက်လွှတ်တော်မှာ ဒီမိုကရက်အမတ် တနေရာ ထပ်အနိုင်ရ စတဲ့ ထိပ်တန်းရောက် သတင်းတွေအပြင် ပဋိပက္ခ အခက်အခဲတွေကြားက မြန်မာ့ပညာရေးအကြောင်း ဒို့အသံ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်နဲ့ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ သတင်းစုစည်းချက်တွေ တင်ဆက်ထားပါတယ်။