TV
VOA မနက်ခင်း၊ နိုဝင်ဘာ ၂၀၊ ၂၀၂၂
ဥပဒေမဲ့ဖမ်းဆီးထားသူ အားလုံးကိုပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Noeleen Heyzer က တောင်းဆို၊ စစ်ကောင်စီဆန့်ကျင်လှုပ်ရှားမှု ကနေဒါ နဲ့ အမေရိကန် နေရာတချို့ မှာပြုလုပ် စတဲ့သတင်းတွေအပြင် မြန်မာ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရေးမှာ တရုတ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ရှမ်းသံတော်ဆင့်အယ်ဒီတာချုပ်ဟောင်းနဲ့ တွေ့ဆုံမေးမြန်းချက်၊ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်းမြန်မာ့သတင်းများ စတဲ့အစီစဉ်တွေကိုကြည့်ရှုနားသောတဆင်ရပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၂
ဂျိမ်းစဘွန်းမျက်နှာပုံဖော် ပြောင်းဝင်္ကဘာထဲ လမ်းလျှောက်နိုင်၊ လမ်းပေါ်ကချိုင့်ကွက် ကျောက်စီအနုပညာ ဖန်တီး၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ အိမ်ထောင်မပြုခင် လိင်ကူးစက်ရောဂါ ဆေးစစ်တာလုပ်သင့်ဆိုတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ မြန်မာကလေးတွေ အတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို သွားကြည့်မယ့် နေရာပေါင်းစုံ အကြောင်းစုံအစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၂ နိုဝင်ဘာ ၂၀ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၂၀ ၊ ၂၀၂၂
Euro-Burma Office အတိုင်ပင်ခံ ဦးခွန်ဆိုင်းနဲ့ VOA တွေ့ဆုံ မေးမြန်းခန်း အပိုင်း-၂ နဲ့အတူ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့ မြန်မာ့မြင်ကွင်း၊ ISP အဖွဲ့က တင်ဆက်တဲ့ မြင်ကွင်းကျယ်မှတ်စု၊ မြန်မာပြည်ကပေးစာနဲ့ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။