TV
နိုဝင်ဘာ ၁၁၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
အမေရိကန်နဲ့ တရုတ်သမ္မတ G20 မှာ သီးသန့်တွေ့မည်၊ မြန်မာ့အရေး သမ္မတဘိုင်ဒင် အာဆီယံနဲ့ ဆွေးနွေးမည်၊ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေး လိုအပ်ချက် စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၁၁၊၂၀၂၂)
အာဆီယံအသင်းကြီးရဲ့ အဖွဲ့ဝင် ၁၁နိုင်ငံမြောက်အဖြစ် အရှေ့တီမောကို မူအားဖြင့် လက်ခံဖို့ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ကြပါတယ်။ မြန်မာ့အရေးအာဆီယံသဘောတူညီချက် ၅ရပ်ဟာ တိုးတက်မှုမရှိသလောက်ဖြစ်နေတာမို့၊ ဒီအတွက် အချိန်ကာလသတ်မှတ်ချက်ထားပြီး လက်တွ့ကျကျ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အာဆီယံထိပ်သီးတွေ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၁၊ ၂၀၂၂)
မြန်မာ့အရေး ကိုင်တွယ်မှု ပိုမို လက်တွေ့ကျ ခိုင်မာဖို့ အာဆီယံ ခေါင်းဆောင်တွေ သဘောတူ၊ အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် မူအားဖြင့်လက်ခံ၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ မြန်မာနိုင်ငံတွင်း လေ့လာသူတွေရဲ့ သုံးသပ်ချက် သတင်းတွေအပြင် ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေနဲ့ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေ စုစည်း တင်ဆက်ထားပါတယ်။