TV
နိုဝင်ဘာ ၇၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်း ခါဆွန်ဒေသ ရေနဲ့မီး ပြတ်တောက်၊ COP27 ရာသီဥတုညီလာခံ အီဂျစ်နိုင်ငံမှာ စတင်ကျင်းပ၊ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲက အာရှသားတွေ အခမ်းကဏ္ဍ စတာတွေအပြင်၊ အပတ်စဉ် အစီအစဉ်တွေဖြစ်တဲ့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၇၊ ၂၀၂၂)
ယူကရိန်းစစ်ပွဲအတွင်း ရုရှားဖက်က အတွေ့အကြုံရှိတဲ့ လေသူရဲတွေဆုံးရှုံးတာကြောင့် ရုရှားရဲ့ လေကြောင်းစိုးမိုးမှုအားနည်းလာစေတယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ဒုတိယပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းဝေးအတွင်း မြန်မာ့အရေးဟာ ထိပ်တန်းဦးစားပေးဆွေးနွေးမယ့်အကြောင်းအရာတခုဖြစ်မယ်လို့ ဒေသတွင်းအကဲခတ်တွေကခန့်မှန်းပါတယ်။ ဒီသတင်းနဲ့အတူ မနက်ဖြန်ကျင်းပမယ့် အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲဆိုင်ရာသတင်းလွှာတွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၇ ၊ ၂၀၂၂
ကရင်ပြည်နယ်နေ့ အကြို ဘားအံမှာ ပေါက်ကွဲမှုဖြစ်၊ မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေးမှာ အဓိကထား ဆွေးနွေးနိုင်၊ တန်ဆောင်မုန်းလပြည့်နေ့အထိန်းအမှတ် မြန်မာပြည်သူတွေအတွက် ဒိန်းမတ်သံရုံး ဆုတောင်း စတာတွေနဲ့ အပတ်စဉ်ကဏ္ဍမှောတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော့ဂါနဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ရပါမယ်။