TV
ဗွီအိုအေ မြန်မာနံနက်ခင်း နိုဝင်ဘာ ၁၇၊ ၂၀၂၂
ပိုလန်ကို မစ်ဇိုင်းဒုံးထိမှန်မှု မတော်တဆဖြစ်နိုင်ကြောင်း အနောက်မဟာမိတ်တွေလက်ခံ၊ မြောင်မြို့နယ်မှာ ထောင်ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ အရေးပေါ် အကူအညီလို၊ စတဲ့သတင်းနဲ့ ဆောင်းပါးတွေအပြင်၊ သတင်းသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစား အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၁၇၊၂၀၂၂)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတေးသျှနိုင်ငံသား မစ္စတာရှောင်တာနယ်အပါအဝင် ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတချို့ကို မြန်မာစစ်ကောင်စီက သတ်မှတ်ချက်စည်းမျဉ်းနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။ ကြာသပတေးနေ့ မြောက်ကိုရီးယားက အရှေ့ဘက် ရေပြင်ဘက်ကို ဦးတည်ပြီးတော့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပါတယ်။ ဒီသတင်းတွေနဲ့အတူ တွေ့ဆုံမေးမြန်းခန်းနဲ့ အပတ်စဉ်အစီအစဉ်တခု တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၁၇၊ ၂၀၂၂
APEC ခေါင်းဆောင်တွေ ဘန်ကောက်မှာဆွေးနွေး၊ Sean Turnell နဲ့နိုင်ငံခြားသား ၄ ဦးလွတ်လာ၊ လွတ်မြောက်လာသူ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကထွက်ခွာ၊ ကန်အောက်လွှတ်တော် Republican တွေထိန်းချုပ်တော့မယ်စတဲ့သတင်းတွေနဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေထုတ်လွှင့်တင်ဆက်ပေးပါမယ်။