TV
ဗွီအိုအေ မြန်မာနံနက်ခင်း နိုဝင်ဘာ ၂၆ ရက် ၂၀၂၂ စနေနေ့
ကာတာ ကမ္ဘာ့ဖလားဘောလုံးပွဲ နောက်ဆုံးအခြေနေ၊ ယူကရိန်းကို NATO က ဆောင်းရာသီအတွက် အကူညီတွေ ဖြည့်တင်းပေးသွားမယ်ဆိုတဲ့ အကြောင်း၊ တရုတ် ကျူးဘား ပူးပေါင်းဆောင်ရွက်ရေးအတွက် သမ္မတ ၂ ဦးဘေဂျင်းမှာ ဆွေးနွေးတဲ့ အကြောင်းတွေ နဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ အပတ်စဉ်ကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၂
ပြည်တွင်းစစ်ဆီဦးတည်နေလို့ ငြိမ်းချမ်းရေးအကြံပေးဖို့ ကမ္ဘောဒီးယားကမ်းလှမ်း၊ သြစတေးလျ ANZ ဘဏ် မြန်မာက ထွက်ဖို့ပြင်၊ မလေးရှား ရွေးကောက်ပွဲ အန်နွာအီဘရာဟမ်အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်၊ ဒီလို မြန်မာနိုင်ငံနဲ့ ကမ္ဘာတပတ်အတွင်းသတင်း စုစည်းတင်ပြချက်နဲ့ နောက်ပိုင်းမှာတော့ စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေးအကျဉ်းသားအနည်းငယ်ပဲပါဝင်လို့ ဝေဖန်ခံရမှု သတင်းထောက်မှတ်စုတို့ကို ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၂
တရုတ် ဆက်သွယ်ရေး ပစ္စည်းကိရိယာတွေ တင်သွင်းခွင့် အမေရိကန် ပိတ်ပင်၊ ကမ္ဘာ့ဖလား ၇ ရက်မြောက်နေ့၊ စက်မှုဇုံတွေက အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေကြသူတွေအကြောင်း ဒို့အသံ၊ ယဉ်ကျေးမှုအခွင့်အရေးအကြောင်း ဒီကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ ဆွေးနွေးခန်း၊ မြန်မာနဲ့ နိုင်ငံတကာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်တွေကို တင်ဆက်ထားပါတယ်။