TV
နိုဝင်ဘာ ၁၄၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားစာသင်ကျောင်းတွေမှာ စစ်သင်တန်းတွေ ပြန်လည်ပို့ချဖို့စီစဉ်၊ မြန်မာ့အရေး အာဆီယံနဲ့ သမ္မတဘိုင်ဒင်ဆွေးနွေး၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်း နေရာတချို့ KNU တိုက်ခိုက် စတဲ့သတင်းနဲ့ ဆောင်းပါးတွေအပြင်၊ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၁၄၊၂၀၂၂)
အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က တရုတ် သမ္မတ ရှီကျင်းပင် နဲ့ တွေ့ဆုံစဉ် ပြောကြားသွားပါတယ်။ ယူကရိန်းတောင်ပိုင်း Kherson မြို့မှာ ယူကရိန်းတပ်တွေကို သမ္မတ Volodymyr Zelenskyy မိန့်ခွန်းပြောရာမှာ ယူကရိန်းတတိုင်းပြည်လုံးရဲ့ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့အတူ သတင်းပေးပို့ချက် သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၁၄ ၊ ၂၀၂၂
ညောင်လေးပင်ခရိုင် တိုက်ပွဲတွေကြောင့် ဒေသခံနှစ်သောင်းကျော်တိမ်းရှောင်နေ၊ KIO အရာရှိနဲ့ ဝန်ထမ်း ၁၁ ဦး မြစ်ကြီးနားမှာ ဖမ်းခံရ၊ ကရင်နီစစ်ဘေးရှောင်တွေ နာတာရှည်ရောဂါခံစားနေရ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလောဂါတွေပြောသမျှနဲ့ သက်တံ့ရောင်သတင်းလွှာ တို့ကို နားဆင်ရမှာပါ။