TV
နိုဝင်ဘာ ၂၁၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီ အရေးယူဖို့ G-7 တိုက်တွန်း၊ ကမ္ဘာ့ဖလားပွဲဦးထွက်မှာ အိမ်ရှင် ကာတာနိုင်ငံ ၂ ဂိုး၊ ဂိုးမရှိနဲ့ရှုံး၊ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၁၊၂၀၂၂)
ယူကရိန်းနိုင်ငံက Zaporizhzhia နူကလီယားဓါတ်ပေါင်းဖိုဝန်းကျင်ကို နှစ်ရက်ကြာလက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရတဲ့အပေါ် နူကလီယားဘေးအန္တရာယ်ကျရောက်နိုင်ချေရှိမရှိ IAEA က စုံစမ်းစစ်ဆေးဖို့ ပြင်နေပါတယ်။ မြန်မာစစ်ကောင်စီဆက်နွယ်ပတ်သက်သူတွေကို စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖို့ မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တောင်ကိုရီယားနိုင်ငံကို တိုက်တွန်းပါတယ်။ ဒီသတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၂၁၊ ၂၀၂၂)
ဟားခါးမြို့အနီး စစ်ကောင်စီနဲ့ CDF တိုက်ပွဲပြင်းထန်၊ တောင်ကလေးရဲစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်၊ စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေကိုတ်အရေးယူဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှအစီအစဉ်နဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ရမှာပါ။