TV
နိုဝင်ဘာ ၂၃၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ကမ္ဘာ့ဖလားပွဲမှာ နာမည်ကျော် အာဂျင်တီးနားအသင်း ဆော်ဒီကိုရှုံး၊ အဂတိလိုက်စားမှု စွဲချက်သစ်အတွက် အပြစ်မရှိကြောင်း ဒေါ်စုလျှောက်လဲ စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၂၃၊၂၀၂၂)
ယူကရိန်းနိုင်ငံ Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံ ဘေးကင်းလုံခြုံမှုအတွက် IAEA အကြီးအကဲနဲ့ ရုရှားကိုယ်စားလှယ်တို့ တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အာဆီယံကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများအစည်းအဝေးကို မြန်မာဖက်က ကိုယ်စားပြုသူမပါပဲ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ တပတ်အတွင်းအားကစားအစီအစဉ်ကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၂၃၊ ၂၀၂၂
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး မြန်မာမပါဘဲ ကျင်းပ၊ ရေးမြို့မရဲစခန်းမှူးတိုက်ခိုက်ခံရလို့ သေဆုံး၊ Orion အာကာသယာဉ်ငယ်ရဲ့လကမ္ဘာပါတ်စမ်းသပ်မှု အောင်မြင်၊ ကမ္ဘာ့ဖလားနောက်ဆုံး ရလဒ်တွေအပြင် နိုင်ငံရေးလွန်ဆွဲပွဲ တိုင်းရင်းသားတွေ ဘယ်ဘက်ပါမလဲ သုံးသပ်ချက်ပါတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။