TV
နိုဝင်ဘာ ၁၆၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက G20 ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းအရေးလွှမ်းမိုး၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောင်ကိုရီးယားသွား၊ စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွား၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၁၆၊၂၀၂၂)
G20 ထိပ်သီးညီလာခံအပြီး ကြေညာချက်မှာတော့ ယူကရိန်းအပေး ရုရှားကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး၊ ရုရှားတပ်တွေ ခြွင်းချက်မရှိ ပြန်ရုပ်ဖို့ တောင်းဆိုထားပါတယ်။ ယူကရိန်းနယ်စပ် ပိုလန်နိုင်ငံထဲကို ဒုံးကျည်ကျရောက်ပေါက်ကွဲတာကြောင့် NATO နဲ့ G7 ခေါင်းဆောင်တွေ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရပြီး၊ ကနဦးတွေ့ရှိချက်အရတော့ ဒါဟာ ယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးဒုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၁၆၊ ၂၀၂၂
ရုရှားတပ်တွေခြွင်းချက်မရှိ ပြန်ရုပ်သိမ်းဖို့ G20 တောင်းဆို၊ ကန်ဒုသမ္မတ အာရှခရီးစဉ် မြန်မာ့အရေးဆွေးနွေးဖို့ရှိ၊ ကရင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသားတချို့သေဆုံး စတဲ့သတင်းတွေနဲ့ မြန်မာ့အရေး အာဆီယံ ဘာတတ်နိုင်မလဲ သုံးသပ်ချက်ပါတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။