TV
ဗွီအိုအေ မြန်မာနံနက်ခင်း ( ၁၉ နိုဝင်ဘာ ၂၀၂၂ )
အမေရိကန်နဲ့ ရုရှားတို့ကြား အကျဉ်းသားလဲလှယ်ရေး ဆွေးနွေးနေ၊ ယူကရိန်းဒေသ အတော်များများက ဓါတ်အားပေးစက်ရုံတွေ ရုရှားက တိုက်ခိုက်၊ ကာတာက ကမ္ဘာ့ဖလားပွဲ အားကစားရုံဝင်းထဲ အရက်ရောင်းချခွင့် ပိတ်ပင် ။ ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံခြားရေးရုံးသစ်ဖွင့်တဲ့ သတင်းပေးပို့ချက်။ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနည်းပညာ အပတ်စဉ်များ။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၂
စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့် အကျဉ်းကျ နိုင်ငံခြားသားတချို့နဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ ပါဝင်၊ ဒီလို မြန်မာနိုင်ငံဆိုင်ရာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်နဲ့ နောက်ပိုင်းမှာတော့ ဦးခွန်ဆိုင်းနဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂ နဲ့ အာဆီယံဆွေးနွေးပွဲ မြန်မာအရေးဆွေးနွေးမှုအကြောင်း တင်ပြထားတဲ့ သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ နိုဝင်ဘာ ၁၉ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ နိုဝင်ဘာလ ၁၉၊ ၂၀၂၂
အမေရိကန်ဒုသမ္မတနဲ့ တရုတ်သမ္မတတို့ တွေ့ဆုံ၊ ဝါရှင်တန်မြို့တော်မှာ NUG နိုင်ငံခြားရေး ၀န်ကြီးရုံးဖွင့်၊ ပြည်သူတွေကို စစ်မြေပြင်မှာ ဆေးကုပေးနေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအကြောင်း ဒို့အသံ၊ မြန်မာ့အရေး တရုတ်ဘယ်လောက်အရေးပါလဲ ရှမ်းသံတော်ဆင့် အယ်ဒီတာချုပ်နဲ့ သီးသန့်မေးမြန်းခန်းတို့ကို ထုတ်လွှင့်တင်ဆက်ထားပါတယ်။