TV
နိုဝင်ဘာ ၄၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ပစ်ခတ်ခံရမှုကြောင့် ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဒဏ်ရာရ၊ စစ်ကောင်စီကို လေယာဉ်ဆီ မရောင်းဘို့ AI တောင်းဆို၊ ကန့်ဘလူမှာ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင် စတဲ့ ထိပ်တန်းရောက် သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၄၊၂၀၂၂)
ယူကရိန်းစစ်ပွဲမှာ ထွက်ပြေးကြတဲ့ သူ့စစ်သားတွေကို ပစ်သတ်ဖို့ ရုရှားက အသင့်ပြင်ထားပုံရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့က ကချင်ကျမ်းစာသင်ကျောင်းတကျောင်းထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ကျောင်းသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီသတင်းနဲ့အတူ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်မှာပါ။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၄၊ ၂၀၂၂
အာရှငြိမ်းချမ်းတည်ငြိမ်ရေး တရုတ်တာဝန်လို့ ဂျာမနီပြော၊ တောင်ကိုရီးယားတိုက်လေယာဉ်တွေ အရေးပေါ်တုံ့ပြန် ပျံသန်းခဲ့ရ၊ ကချင်ဓမ္မကောလိပ်ဝန်း လက်နက်ကြီးကျလို့ ၄ ဦးဒဏ်ရာရ၊ အသင်းအဖွဲ့ ဥပဒေသစ်ကို ကူညီထောက်ပံ့ရေးအဖွဲ့တွေစိုးရိမ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။