TV
နိုဝင်ဘာ ၁၈၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းသီးနှံတွေ ပင်လယ်နက်က တင်ပို့ခွင့် သဘောတူညီချက် သက်တမ်းတိုး၊ အကျဉ်းသားတွေ လွှတ်ပေးတဲ့အပေါ် နိုင်ငံတကာ သတိနဲ့ကြိုဆို စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၁၈၊၂၀၂၂)
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်မစ်ဇိုင်းဒုံးတခု ဒီကနေ့ သောကြာနေ့မှာ ပစ်ခဲ့တာ ဂျပန်ရေပိုင်နက်အထိရောက်ခဲ့ပုံရတယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပနေတဲ့ အာရှ Pacific ဒေသစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီး ညီလာခံမှာ ဒီနေ့ ခေါင်းဆောင်တွေ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။ ဒီ သတင်းနဲ့အတူ ဆက်သွယ်မေးမြန်းခန်းနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၈၊ ၂၀၂၂)
တိုက်ချင်းပစ်မစ်ဇိုင်းဒုံး မြောက်ကိုရီးယား ပစ်လွှတ်၊ နိုင်ကျဉ်းအားလုံး ပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး တောင်းဆို၊ အာဆီယံ အထူးကိုယ်စားလှယ် တတိယအကြိမ် မြန်မာနိုင်ငံသွားမည် စတဲ့ထိပ်တန်းရောက် သတင်းတွေနဲ့ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေ တင်ဆက်ထားပါတယ်။