TV
နိုဝင်ဘာ ၂၅၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ရေနဲ့လျှပ်စစ်မီးပြတ်၊ ကမ္ဘာ့ဖလားနောက်ဆုံးပွဲမှာ ဘရာဇီး၊ ဆာဗီးယားကို ၂ ဂိုး၊ ဂိုးမရှိနဲ့နိုင် နိုင်ငံခြားငွေလဲလှယ်နှုန်း ကန့်သတ်ချက်ကြောင့် ပြည်တွင်း ဆန်လုပ်ငန်းရှင်တွေ အခက်ကြုံ၊ စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၅၊ ၂၀၂၂)
ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော်မှာ လူဦးရေ တ၀က်လောက် လျှပ်စစ်မီးမရ၊ ကုန်ဈေးနှုန်း ကျဆင်းအောင် ဦးစားပေး ကြိုးပမ်းမယ်လို့ မလေးရှားဝန်ကြီးချုပ်သစ် ပြောကြား၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာနေ့မှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို မီးမှောင်းထိုးပြ စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် အပတ်စဉ် သတင်းဆောင်းပါးတွေ တင်ဆက်ထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၂၅၊ ၂၀၂၂
ကုန်ဈေးနှုန်းကျဆင်းရေး ဦးစားပေးဖြေရှင်းဖို့ မလေးဝန်ကြီးချုပ်သစ် ကတိပြု၊ ခင်ဦးမြို့နယ် နယ်မြေရှင်းမှု အရပ်သား ၈ ဦးထက်မနည်းသေဆုံး၊ ကမ္ဘာ့ဖလား ၆ ရက်မြောက်နေ့ စတဲ့သတင်းတွေနဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေထုတ်လွှင့်တင်ဆက်ပေးပါမယ်။