TV
အောက်တိုဘာ ၂၀၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းထံက သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ ရုရှားစစ်အုပ်ချုပ်ရေးကြေညာ၊ ရုရှားကျုးကျော်မှုကို တွန်းလှန်တဲ့ ယူကရိန်းပြည်သူတွေကို ဆာခါရော့ဗ်ဆု ချီးမြှင့်၊ ရခိုင်ပြည်နယ်မှာ စာနာမှုအကူအညီပေးရေး လုပ်ငန်းတွေ အခက်တွေ့၊ သတင်းသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားအစီအစဉ် တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောကျတိုဘာ၂၀၊၂၀၂၂)
ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ ဓါတ်အားပေးစက်ရုံတွေ ပြင်ဆင်ဖို့ဆောင်ရွက်နေတာမို့၊ ယူကရိန်းနိုင်ငံတဝှမ်းမကြုံစဖူး လျှပ်စစ်ဓါတ်အားပြတ်တောက်မှုရင်ဆိုင်နေရပါတယ်။ ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ဗူးဝ ဗုံးပေါက်ကွဲမှုနဲ့ ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားပြီးတဲ့နောက် အင်းစိန်ထောင် အထူးတရားရုံး ရုံးထုတ်စစ်ဆေးမှုတွေကို ၂ ပတ် ရပ်နားထားပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ လူမှုကွန်ယက်ပေါ်က လူကြည့်များသတင်းတိုတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း အောက်တိုဘာ ၂၀၊ ၂၀၂၂
ဗြိတိန်ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်၊ အင်းစိန်ထောင်တွင်းအထူးတရားရုံးကြားနာမှုတွေ ၂ ပါတ်ရပ်ထား၊ NUG နဲ့ မိတ်ဖက်တွေ စစ်ကောင်စီစီးပွားရေးအထိနာအောင်လုပ်သင့်လို့ ကန်စစ်ကောလိပ်ပါမောက္ခတိုက်တွန်း စတဲ့သတင်းတွေနဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။