TV
အောက်တိုဘာ ၁၀၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားမစ်ဇိုင်းဒုံးကြောင့် ယူကရိန်းမှာ ၁၃ ဦးသေ၊ ဆန္ဒပြပွဲတွေ နှိမ်နင်းမှုအတွက် အီရန်အပေါ် EU ဒဏ်ခတ်ဖို့ ဂျာမနီတိုက်တွန်း၊ ကမ္ဘာတလွှား ကုန်သွယ်ရေး ကျဆင်းနိုင်ကြောင်း WTO ခန့်မှန်း၊ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများ အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၁၀၊၂၀၂၂)
ရုရှားက ယူကရိန်းမြို့အများအပြားကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေရာမှာ ၊ တနင်းလာနေ့ အစောပိုင်း ယူကရိန်းမြို့တော့် Kyiv မှာ ပေါက်ကွဲမှုတွေဖြစ်ပြီး လူ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ မလေးရှားနိုင်ငံလွှတ်တော်ကို ဒီနေ့တနင်္လာနေ့မှာ ဖျက်သိမ်းမှာ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ကြေညာလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် နိုဘယ် စီးပွါးရေး ဆု ကို အမေရိကန် စီးပွါးရေး ပညာရှင် သုံးယောက် က ပူးတွဲရရှိသွားကြပါတယ်။ ဒီသတင်းတွေနဲ့အတူ အပတ်စဉ်အစီအစဉ်နဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း အောက်တိုဘ ၁၀ ၊ ၂၀၂၂
ဝက်လက်အရှေ့ပိုင်း စစ်ကောင်စီထိုးစစ် PDF ၁၇ ဦးသေ၊ တိုင်းရင်းလက်နက်ကိုင်တွေ တွေ့ဆုံရေး RCSS ဖိတ်ခေါ်၊ မြန်မာစစ်တပ်အတွင်း တင်းကြပ်မှုတွေကြောင့် စားဝတ်နေရေးအခက်ကြုံ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ခ်ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေ နားဆင်ရဖို့ရှိပါတယ်။